သံယုတ္တနိကာယ်—၅၁

၃—အယောဂုဠဝဂ်

၄—သုဒ္ဓိကသုတ်

၈၃၆။ ရဟန်းတို့ ဣဒ္ဓိပါဒ်တို့သည် ဤလေးပါးတို့တည်း။ အဘယ်လေးပါးတို့နည်း၊ ရဟန်းတို့ဤသာသနာတော်၌ ရဟန်းသည် အလို ‘ဆန္ဒ’ ကို မှီ၍ ဖြစ်သော သမာဓိ အားထုတ်မှု လုံ့လတို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများ၏၊ ဝီရိယကို မှီ၍ ဖြစ်သော သမာဓိ။ပ။ စိတ်ကို မှီ၍ ဖြစ်သော သမာဓိ။ ပညာကို မှီ၍ ဖြစ်သော သမာဓိ အားထုတ်မှု လုံ့လတို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများ၏။ ရဟန်းတို့ ဣဒ္ဓိပါဒ်တို့သည် ဤလေးပါးတို့ပင်တည်းဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။