သံယုတ္တနိကာယ်—၅၁

၄ — ဂင်္ဂ ါပေယျာလဝဂ်

၁ — ၁၂ — ဂင်္ဂ ါနဒီစသော ၁၂— သုတ်

၈၄၅—၈၅၆။ ရဟန်းတို့ ဂင်္ဂါမြစ်သည် အရှေ့အရပ်သို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ဤအတူပင်ရဟန်းသည် ဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးများသည်ရှိသော် ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် နိဗ္ဗာန်သို့ညွတ်ကိုင်း ရှိုင်း၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးများသည်ရှိသော်ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်းသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ရဟန်းသည် အလို ‘ဆန္ဒ’ကို မှီ၍ ဖြစ်သော သမာဓိ အားထုတ်မှု လုံ့လတို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကိုပွါးများ၏၊ ဝီရိယကို မှီ၍ ဖြစ်သော သမာဓိ။ပ။ စိတ်ကို မှီ၍ ဖြစ်သော သမာဓိ။ပ။ ပညာကို မှီ၍ ဖြစ်သော သမာဓိ အားထုတ်မှု လုံ့လတို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများ၏။

ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးများသည်ရှိသော် ကြိမ်ဖန်များစွာပြုလုပ်သည်ရှိသော် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်း၏ဟု (မိန့်တော်မူ၏)။

ဒွါဒသမသုတ်။

လေးခုမြောက် ဂင်္ဂါပေယျာလဝဂ် ပြီး၏။

[အပ္ပမာဒဝဂ် ဗလကရဏီယဝဂ်နှင့် ဧသနာဝဂ်တို့ကို ချဲ့အပ်ကုန်၏]။