အင်္ဂုတ္တရနိကာယ်

၁-ကမ္မကာရဏဝဂ်

၃-တပနီယသုတ်

၃။ ရဟန်းတို့ ပူပန်စေတတ်ကုတ်သော တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်း ဟူမူŠ ရဟန်းတို့ ဤလောက၌ အချို့သောသူသည် ကာယဒုစရိုက်ကို ပြုကျင့်၏၊ ကာယသုစရိုက်ကို မပြုကျင့်။ ဝစီဒုစရိုက်ကို ပြုကျင့်၏၊ ဝစီသုစရိုက်ကို မပြုကျင့်။ မနောဒုစရိုက်ကို ပြုကျင့်၏၊ မနောသုစရိုက်ကို မပြုကျင့်။ ထိုသူသည် “ငါသည် ကာယဒုစရိုက်ကို ပြုကျင့်မိပြီ”ဟု ပူပန်၏။ “ငါသည် ကာယသုစရိုက်ကို မပြုကျင့်မိ”ဟု ပူပန်၏။ “ငါသည် ဝစီဒုစရိုက်ကို ပြုကျင့်မိပြီ”ဟု ပူပန်၏။ “ငါသည် ဝစီသုစရိုက်ကို မပြုကျင့်မိ”ဟု ပူပန်၏။ “ငါသည် မနောဒုစရိုက်ကို ပြုကျင့်မိပြီ”ဟု ပူပန်၏။ “ငါသည် မနောသုစရိုက်ကို မပြုကျင့်မိ”ဟု ပူပန်၏။ ရဟန်းတို့ ပူပန်စေတတ်ကုတ်သော တရားတို့သည် ဤနှစ်မျိုးတို့တည်း—ဟု မိန့်တော်မူ၏။

တတိယသုတ်