အင်္ဂုတ္တရနိကာယ်
၉-သမဏဝဂ်
၁ဝ-သဒ္ဓမ္မသုတ်
၉၄။ ရဟန်းတို့ သူတော်ကောင်းတို့၏ တရားတို့သည် ဤခုနစ်မျိုးတို့တည်း။
အဘယ်ခုနစ်မျိုးတို့နည်းဟူမူ —
ယုံကြည်မှု ‘သဒ္ဓါတရား’ ရှိ၏၊ အရှက်ရှိ၏၊ ထိတ်လန့်မှုရှိ၏၊ အကြားအမြင်များပြား၏၊ ထက်သန်သော လုံ့လဝီရိယရှိ၏၊ သတိရှိ၏၊ ပညာရှိ၏။
ရဟန်းတို့ သူတော်ကောင်းတရားတို့သည် ဤခုနစ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။
ဒသမသုတ်။
ကိုးခုမြောက် သမဏဝဂ် ပြီး၏။