သံယုတ္တနိကာယ်—၂၄

၁—သောတာပတ္တိဝဂ်

၁—ဝါတသုတ်

၂ဝ၆။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏— ရဟန်းတို့ အဘယ်တရားရှိလျှင်အဘယ်တရားကို အစွဲပြု၍ အဘယ်တရားကို အမှားနှလုံးသွင်း၍ “လေတို့သည် မတိုက်ကုန်၊ မြစ်တို့သည် မစီးကုန်၊ကိုယ်ဝန်ဆောင်တို့သည် မဖွားကုန်၊ လနေတို့သည် မထွက်ကုန်၊ မဝင်ကုန်၊ ခိုင်မြဲသော တံခါးတိုင်ကဲ့သို့ တည်ကုန်၏”ဟု ဤသို့သော အယူ ဖြစ်သနည်း။

အသျှင်ဘုရား တပည့်တော်တို့အား တရားတို့သည် မြတ်စွာဘုရားသာ အရင်းခံ ရှိပါကုန်၏၊ မြတ်စွာဘုရားသာ ရှေ့ဆောင် ဖြစ်ပါကုန်၏၊ မြတ်စွာဘုရားသာ အားထားရာ ရှိပါကုန်၏၊ “အသျှင်ဘုရားတောင်းပန်ပါ၏၊ ထိုစကား၏ အနက်ကို မြတ်စွာဘုရားဉာဏ်၌ ထင်ပါစေလော့၊ မြတ်စွာဘုရားထံမှကြားနာရ၍ ရဟန်းတို့သည် ဆောင်ထားရပါကုန်လတ္တံ့ဟု (လျှောက်ကုန်၏)။ ရဟန်းတို့ သို့ဖြစ်လျှင် နားထောင်ကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောပြအံ့ဟု (မိန့်တော်မူ၏)။ “ကောင်းပါပြီအသျှင် ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ကုန်၏၊ မြတ်စွာဘုရားသည် ဤ စကားကို မိန့်တော်မူ၏—

ရဟန်းတို့ ရုပ်ရှိလျှင် ရုပ်ကို အစွဲပြု၍ ရုပ်ကို အမှားနှလုံးသွင်း၍ “လေတို့သည် မတိုက်ကုန်၊ မြစ်တို့သည် မစီးကုန်၊ကိုယ်ဝန်ဆောင်တို့သည် မဖွားကုန်၊ လနေတို့သည် မထွက်ကုန်၊ မဝင်ကုန်၊ ခိုင်မြဲသောတံခါးတိုင်ကဲ့သို့ တည်ကုန်၏”ဟု ဤသို့သော အယူသည် ဖြစ်၏။ ဝေဒနာရှိလျှင်။ပ။ သညာရှိလျှင်။ သင်္ခါရ တို့ရှိလျှင်။ ဝိညာဏ်ရှိလျှင် ဝိညာဏ်ကို အစွဲပြု၍ ဝိညာဏ်ကို အမှားနှလုံးသွင်း၍ “လေတို့သည်မတိုက် ကုန်၊ မြစ်တို့သည် မစီးကုန်၊ကိုယ်ဝန်ဆောင်တို့သည် မဖွားကုန်၊ လနေတို့သည် မထွက်ကုန်၊ ့မဝင်ကုန်၊ ခိုင်မြဲသော တံခါးတိုင်ကဲ့သို့ တည်ကုန်၏ “ဟု ဤသို့သော အယူသည် ဖြစ်၏။

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ရုပ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ မမြဲသော ရုပ်သည် ချမ်းသာလော၊ ဆင်းရဲလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသောဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ရုပ်ကို အစွဲ မပြုခဲ့မူ “လေတို့သည် မတိုက်ကုန်၊ မြစ်တို့သည် မစီးကုန်၊ကိုယ်ဝန်ဆောင်တို့သည် မဖွားကုန်၊ လနေတို့သည် မထွက်ကုန်၊ မဝင်ကုန်၊ ခိုင်မြဲသော တံခါး တိုင်ကဲ့သို့ တည်ကုန်၏”ဟု ဤသို့သော အယူသည် ဖြစ်နိုင်ရာသလော။ မဖြစ်နိုင်ရာပါအသျှင်ဘုရား။

ဝေဒနာသည် မြဲသလော၊ မမြဲသလော။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသော ဝိညာဏ်သည် ချမ်းသာလော၊ ဆင်းရဲလော။ ဆင်းရဲပါအသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ဝိညာဏ်ကို အစွဲ မပြုခဲ့မူ”လေတို့သည် မတိုက်ကုန်၊ မြစ်တို့သည် မစီးကုန်၊ကိုယ်ဝန်ဆောင်တို့သည် မဖွားကုန်၊ လနေတို့သည်မထွက် ကုန်၊ မဝင်ကုန်၊ ခိုင်မြဲသော တံခါးတိုင်ကဲ့သို့ တည်ကုန်၏ “ဟု ဤသို့သော အယူသည်ဖြစ်နိုင်ရာသလော။ မဖြစ်နိုင်ရာပါ အသျှင်ဘုရား။

မြင်အပ်သောအရာ၊ ကြားအပ်သော အရာ၊ တွေ့အပ်သော အရာ၊ သိအပ်သော အရာ၊ ရောက်အပ်သော အရာ၊ ရှာအပ်သော အရာ၊ စိတ်ဖြင့် တွေးဆအပ်သော အရာသည်လည်း မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသော အရာသည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါအသျှင်ဘုရား။ မမြဲ သော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော အရာကို အစွဲ မပြုခဲ့မူ”လေတို့သည် မတိုက်ကုန်၊ မြစ်တို့သည် မစီးကုန်၊ကိုယ်ဝန်ဆောင်တို့သည် မဖွားကုန်၊ လနေတို့သည်မထွက်ကုန်၊ မဝင်ကုန်၊ ခိုင်မြဲ သော တံခါးတိုင်ကဲ့သို့ တည်ကုန်၏”ဟု ဤသို့သော အယူသည်ဖြစ်နိုင်ရာသလော။ မဖြစ်နိုင်ရာပါ အသျှင် ဘုရား။

ရဟန်းတို့ အကြင်အခါ၌ အရိယာတပည့်သည် ဤဆိုအပ်ခဲ့ပြီးသော အရာတို့၌ ယုံမှားခြင်းကို ပယ်ဖျောက်နိုင်၏၊ (ထိုအခါ) ထိုအရိယာတပည့်သည် ဆင်းရဲခြင်း၌လည်း ယုံမှားခြင်းကို ပယ်ဖျောက်နိုင်၏၊ ဆင်းရဲဖြစ်ပေါ်ကြောင်း၌လည်း ယုံမှားခြင်းကို ပယ်ဖျောက်နိုင်၏၊ ဆင်းရဲချုပ်ရာ၌လည်း ယုံမှားခြင်းကိုပယ် ဖျောက်နိုင်၏၊ ဆင်းရဲချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်၌လည်း ယုံမှားခြင်းကိုပယ်ဖျောက်နိုင်၏။ ရဟန်းတို့ ဤအရိယာတပည့်ကို အပါယ်သို့ ကျခြင်းသဘော မရှိသော ကိန်းသေမြဲသော အထက်မဂ် သုံးပါးလျှင် လားရာရှိသော သောတာပန် ဖြစ်၏ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။