သံယုတ္တနိကာယ်—၄၅
၄—ပဋိပတ္တိဝဂ်
၆—ဒုတိယ သာမညသုတ်
၃၆။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ သင်တို့အား သာမညမည်သော မဂ်တရားကိုလည်းကောင်း၊ သာမညတ္ထမည်သော နိဗ္ဗာန်ကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။
ရဟန်းတို့ သာမညမည်သော မဂ်တရားသည် အဘယ်နည်း၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ပင်တည်း။ ဤအရိယမဂ်ဟူသည် အဘယ်နည်း၊ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ တို့တည်း။ ဤသည်ကို သာမညဟု ဆိုအပ်၏။ ရဟန်းတို့ သာမညတ္ထမည်သောနိဗ္ဗာန်ဟူသည် အဘယ်နည်း၊ တပ်မက်မှု ‘ရာဂ’ ကုန်ရာ အမျက်ထွက်မှု ‘ဒေါသ’ ကုန်ရာ တွေဝေမှု ‘မောဟ’ကုန်ရာတည်း။ ဤသည်ကို သာမညတ္ထမည်သော နိဗ္ဗာန်ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။