သံယုတ္တနိကာယ်—၄၈

၂—မုဒုတရဝဂ်

၁ဝ—အာသဝက္ခယသုတ်

၄၉ဝ။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ သဒ္ဓိန္ဒြေ။ပ။ ပညိန္ဒြေတို့တည်း။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့ပင်တည်း။ ရဟန်းတို့ ရဟန်းသည် ဤဣန္ဒြေငါးပါးတို့ကို ပွားများခြင်းကြောင့် ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် အာသဝတို့၏ ကုန်ခြင်းကြောင့် အာသဝ့ကင်းသော (ကိလေသာမှ) လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် (အရဟတ္တဖိုလ်) ပညာကို မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ရောက်၍ နေရ၏ဟု (မိန့်တော် မူ၏)။

ဒသမသုတ်။

နှစ်ခုမြောက် မုဒုတရဝဂ် ပြီး၏။