အင်္ဂုတ္တရနိကာယ်

(၁၃) ၃-ပရိသုဒ္ဓဝဂ်

၈-အဋ္ဌမသုတ်

၁၃ဝ။ ရဟန်းတို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်ကုန်သော ဤတရားဆယ်မျိုးတို့သည် ရာဂပျောက်ခြင်းလျှင် အဆုံးရှိကုန်၏၊ ဒေါသပျောက်ခြင်းလျှင် အဆုံးရှိကုန်၏၊ မောဟပျောက်ခြင်းလျှင် အဆုံးရှိကုန်၏၊ မြတ်စွာဘုရား၏ အဆုံးအမ ‘သာသနာတော်’ မှ တစ်ပါး၌ မဖြစ်ကုန်။ အဘယ်ဆယ်မျိုးတို့နည်းဟူမူ— မှန်ကန်သော အမြင်။ပ။ မှန်ကန်သော လွတ်မြောက်မှုတို့တည်း။ ရဟန်းတို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်ကုန်သော ဤတရားဆယ်မျိုးတို့သည် ရာဂပျောက်ခြင်းလျှင် အဆုံးရှိကုန်၏၊ ဒေါသပျောက်ခြင်းလျှင် အဆုံးရှိကုန်၏၊ မောဟပျောက်ခြင်းလျှင် အဆုံးရှိကုန်၏၊ မြတ်စွာဘုရား၏ အဆုံးအမ ‘သာသနာတော်’ မှ တစ်ပါး၌ မဖြစ်ကုန်ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။