အင်္ဂုတ္တရနိကာယ်

(၁၃) ၃-ပရိသုဒ္ဓဝဂ်

၁၁-ဧကာဒသမသုတ်

၁၃၃။ ရဟန်းတို့ မှန်ကန်သော သဘောရှိသော တရားတို့သည် ဤဆယ်မျိုးတို့တည်း။ အဘယ်ဆယ်မျိုးတို့နည်းဟူမူ— မှန်ကန်သော အမြင်၊ မှန်ကန်သော အကြံအစည်၊ မှန်ကန်သော စကား၊ မှန်ကန်သော အလုပ်၊ မှန်ကန်သော အသက်မွေးမှု၊ မှန်ကန်သော လုံ့လ၊ မှန်ကန်သော သတိ၊ မှန်ကန်သော သမာဓိ၊ မှန်ကန်သော ဉာဏ်၊ မှန်ကန်သော လွတ်မြောက်မှုတို့တည်း။ ရဟန်းတို့ မှန်ကန်သော သဘောရှိသော တရားတို့သည် ဤဆယ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ဧကာဒသမသုတ်။

သုံးခုမြောက် ပရိသုဒ္ဓဝဂ် ပြီး၏။