အင်္ဂုတ္တရနိကာယ်
(၁၃) ၃-ပရိသုဒ္ဓဝဂ်
၁ဝ-ဒသမသုတ်
၁၃၂။ ရဟန်းတို့ မှားယွင်းသော သဘောရှိသော တရားတို့သည် ဤဆယ်မျိုးတို့တည်း။ အဘယ် ဆယ်မျိုးတို့နည်းဟူမူ— မှားယွင်းသော အမြင်၊ မှားယွင်းသော အကြံအစည်၊ မှားယွင်းသော စကား၊ မှားယွင်းသော အလုပ်၊ မှားယွင်းသော အသက်မွေးမှု၊ မှားယွင်းသော လုံ့လ၊ မှားယွင်းသော သတိ၊ မှားယွင်းသော သမာဓိ၊ မှားယွင်းသော ဉာဏ်၊ မှားယွင်းသော လွတ်မြောက်မှုတို့တည်း။ ရဟန်းတို့ မှားယွင်းသော သဘောရှိသော တရားတို့သည် ဤဆယ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။
ဒသမသုတ်။