အင်္ဂုတ္တရနိကာယ်

(၁၄) ၄-သာဓုဝဂ်

၃-အကုသလသုတ်

၁၃၆။ ရဟန်းတို့ သင်တို့အား အကုသိုလ်ကိုလည်းကောင်း၊ ကုသိုလ်ကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ပ။ ရဟန်းတို့ အကုသိုလ်ဟူသည် အဘယ်နည်း၊ မှားယွင်းသော အမြင်။ပ။ မှားယွင်းသော လွတ်မြောက်မှုတို့တည်း။ ရဟန်းတို့ ဤသည်ကို အကုသိုလ်ဟု ဆိုအပ်၏။ ရဟန်းတို့ ကုသိုလ်ဟူသည် အဘယ်နည်း၊ မှန်ကန်သော အမြင်။ပ။ မှန်ကန်သော လွတ်မြောက်မှုတို့တည်း။ ရဟန်းတို့ ဤသည်ကို ကုသိုလ်ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။