အင်္ဂုတ္တရနိကာယ်

(၁၄) ၄-သာဓုဝဂ်

၄-အတ္ထသုတ်

၁၃၇။ ရဟန်းတို့ သင်တို့အား အကျိုးကိုလည်းကောင်း အကျိုးမဲ့ကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ပ။ ရဟန်းတို့ အကျိုးမဲ့ဟူသည် အဘယ်နည်း၊ မှားယွင်းသော အမြင်။ပ။ မှားယွင်းသော လွတ်မြောက်မှုတို့တည်း။ ရဟန်းတို့ ဤသည်ကို အကျိုးမဲ့ဟု ဆိုအပ်၏။ ရဟန်းတို့ အကျိုးဟူသည် အဘယ်နည်း၊ မှန်ကန်သော အမြင်။ပ။ မှန်ကန်သော လွတ်မြောက်မှုတို့တည်း။ ရဟန်းတို့ ဤသည်ကို အကျိုးဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။