အင်္ဂုတ္တရနိကာယ်
(၁၄) ၄-သာဓုဝဂ်
၂-အရိယဓမ္မသုတ်
၁၃၅။ ရဟန်းတို့ သင်တို့အား မြတ်သော တရားကိုလည်းကောင်း၊ မမြတ်သော တရားကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ပ။ ရဟန်းတို့ မမြတ်သော တရားဟူသည် အဘယ် နည်း၊ မှားယွင်းသော အမြင်။ပ။ မှားယွင်းသော လွတ်မြောက်မှုတို့တည်း။ ရဟန်းတို့ ဤသည်ကို မမြတ်သော တရားဟု ဆိုအပ်၏။ ရဟန်းတို့ မြတ်သော တရားဟူသည် အဘယ်နည်း၊ မှန်ကန်သော အမြင်။ပ။ မှန်ကန်သော လွတ်မြောက်မှုတို့တည်း။ ရဟန်းတို့ ဤသည်ကို မြတ်သောတရားဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။