အင်္ဂုတ္တရနိကာယ်

(၁၄) ၄-သာဓုဝဂ်

၆-သာသဝသုတ်

၁၃၉။ ရဟန်းတို့ သင်တို့အား အာသဝေါတရားတို့၏ အာရုံဖြစ်သော တရားကိုလည်းကောင်း၊ အာသဝေါတရားတို့၏ အာရုံမဟုတ်သော တရားကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကုန် လော့။ပ။ ရဟန်းတို့ အာသဝေါတရားတို့၏ အာရုံဖြစ်သော တရားဟူသည် အဘယ်နည်း၊ မှားယွင်းသော အမြင်။ပ။ မှားယွင်းသော လွတ်မြောက်မှုတို့တည်း။ ရဟန်းတို့ ဤသည်ကို အာသဝေါတရားတို့၏ အာရုံဖြစ်သော တရားဟု ဆိုအပ်၏။ ရဟန်းတို့ အာသဝေါတရားတို့၏ အာရုံမဟုတ်သော တရားဟူသည် အဘယ်နည်း၊ မှန်ကန်သော အမြင်။ပ။ မှန်ကန်သော လွတ်မြောက်မှုတို့တည်း။ ရဟန်းတို့ ဤသည်ကို အာသဝေါတရားတို့၏ အာရုံမဟုတ်သော တရားဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။