အင်္ဂုတ္တရနိကာယ်

(၁၄) ၄-သာဓုဝဂ်

၇-သာဝဇ္ဇသုတ်

၁၄ဝ။ ရဟန်းတို့ သင်တို့အား အပြစ်ရှိသော တရားကိုလည်းကောင်း၊ အပြစ်မရှိသော တရားကို လည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ပ။ ရဟန်းတို့ အပြစ်ရှိသော တရားဟူသည် အဘယ်နည်း၊ မှားယွင်းသော အမြင်။ပ။ မှားယွင်းသော လွတ်မြောက်မှုတို့တည်း။ ရဟန်းတို့ ဤသည်ကို အပြစ်ရှိသော တရားဟု ဆိုအပ်၏။ ရဟန်းတို့ အပြစ်မရှိသော တရားဟူသည် အဘယ်နည်း၊ မှန်ကန်သော အမြင်။ပ။ မှန်ကန်သော လွတ်မြောက်မှုတို့တည်း။ ရဟန်းတို့ ဤသည်ကို အပြစ်မရှိသော တရားဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။