အင်္ဂုတ္တရနိကာယ်

(၁၄) ၄-သာဓုဝဂ်

၅-ဓမ္မသုတ်

၁၃၈။ ရဟန်းတို့ သင်တို့အား တရားကိုလည်းကောင်း၊ တရားမဟုတ်သည်ကိုလည်းကောင်း ဟော ပေအံ့၊ ထိုတရားကို နာကုန်လော့။ပ။ ရဟန်းတို့ တရားမဟုတ်ဟူသည် အဘယ်နည်း၊ မှားယွင်းသော အမြင်။ပ။ မှားယွင်းသော လွတ်မြောက်မှုတို့တည်း။ ရဟန်းတို့ ဤသည်ကို တရားမဟုတ်ဟု ဆိုအပ်၏။ ရဟန်းတို့ တရားဟူသည် အဘယ်နည်း၊ မှန်ကန်သော အမြင်။ပ။ မှန်ကန်သော လွတ်မြောက်မှုတို့တည်း။ ရဟန်းတို့ ဤသည်ကို တရားဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။