အင်္ဂုတ္တရနိကာယ်
(၁၄) ၄-သာဓုဝဂ်
၈-တပနီယသုတ်
၁၄၁။ ရဟန်းတို့ သင်တို့အား ပူပန်စေတတ်သော တရားကိုလည်းကောင်း၊ မပူပန်စေတတ်သော တရားကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ပ။ ရဟန်းတို့ ပူပန်စေတတ်သော တရားဟူသည် အဘယ်နည်း၊ မှားယွင်းသော အမြင်။ပ။ မှားယွင်းသော လွတ်မြောက်မှုတို့တည်း။ ရဟန်းတို့ ဤသည်ကို ပူပန်စေတတ်သော တရားဟု ဆိုအပ်၏။ ရဟန်းတို့ မပူပန်စေတတ်သော တရားဟူသည် အဘယ်နည်း၊ မှန်ကန်သော အမြင်။ပ။ မှန်ကန်သော လွတ်မြောက်မှုတို့တည်း။ ရဟန်းတို့ ဤသည်ကို မပူပန်စေတတ်သော တရားဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။