အင်္ဂုတ္တရနိကာယ်

(၁၅) ၅-အရိယဝဂ်

၂-ကဏှာမဂ္ဂသုတ်

၁၄၆။ ရဟန်းတို့ သင်တို့အား မည်းညစ်သော လမ်းဟူသော တရားကိုလည်းကောင်း၊ ဖြူစင်သော လမ်းဟူသော တရားကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ပ။ ရဟန်းတို့ မည်းညစ်သော လမ်းဟူသည် အဘယ်နည်း၊ မှားယွင်းသော အမြင်။ပ။ မှားယွင်းသော လွတ်မြောက်မှုတို့တည်း။ ရဟန်းတို့ ဤသည်ကို မည်းညစ်သောလမ်းဟု ဆိုအပ်၏။ ရဟန်းတို့ ဖြူစင်သောလမ်းဟူသည် အဘယ် နည်း၊ မှန်ကန်သော အမြင်။ပ။ မှန်ကန်သော လွတ်မြောက်မှုတို့တည်း။ ရဟန်းတို့ ဤသည်ကို ဖြူစင်သော လမ်းဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။