အင်္ဂုတ္တရနိကာယ်

(၁၅) ၅-အရိယဝဂ်

၃-သဒ္ဓမ္မသုတ်

၁၄၇။ ရဟန်းတို့ သင်တို့အား သူတော်ကောင်းတရားကိုလည်းကောင်း၊ မသူတော်တရားကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ပ။ ရဟန်းတို့ မသူတော်တရားဟူသည် အဘယ်နည်း၊ မှားယွင်းသော အမြင်။ပ။ မှားယွင်းသော လွတ်မြောက်မှုတို့တည်း။ ရဟန်းတို့ ဤသည်ကို မသူတော် တရားဟု ဆိုအပ်၏။ ရဟန်းတို့ သူတော်ကောင်းတရားဟူသည် အဘယ်နည်း၊ မှန်ကန်သော အမြင်။ပ။ မှန်ကန်သော လွတ်မြောက်မှုတို့တည်း။ ရဟန်းတို့ ဤသည်ကို သူတော်ကောင်းတရားဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။