အင်္ဂုတ္တရနိကာယ်
(၁၅) ၅-အရိယဝဂ်
၄-သပ္ပုရိသဓမ္မသုတ်
၁၄၈။ ရဟန်းတို့ သင်တို့အား သူတော်ကောင်းတို့၏ တရားကိုလည်းကောင်း မသူတော်တို့၏ တရားကို လည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ ပ။ ရဟန်းတို့ မသူတော်တို့၏ တရားဟူသည် အဘယ် နည်း၊ မှားယွင်းသော အမြင်။ ပ။ မှားယွင်းသော လွတ်မြောက်မှုတို့တည်း။ ရဟန်းတို့ ဤသည်ကို မသူတော်တို့၏ တရားဟု ဆိုအပ်၏။ ရဟန်းတို့ သူတော်ကောင်းတို့၏ တရားဟူသည် အဘယ်နည်း၊ မှန်ကန်သော အမြင်။ ပ။ မှန်ကန်သော လွတ်မြောက်မှုတို့တည်း။ ရဟန်းတို့ ဤသည်ကို သူတော်ကောင်းတို့၏ တရားဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။
စတုတ္ထသုတ်။