အင်္ဂုတ္တရနိကာယ်

(၁၉) ၄-အရိယမဂ္ဂဝဂ်

၁-အရိယမဂ္ဂသုတ်

၁၈၉။ ရဟန်းတို့ သင်တို့အား မြတ်သော လမ်းဟူသော တရားကိုလည်းကောင်း၊ မမြတ်သော လမ်းဟူသော တရားကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ပ။ ရဟန်းတို့ မမြတ်သော လမ်းဟူသော တရားဟူသည် အဘယ်နည်း။ သူ့အသက်သတ်ခြင်း။ပ။ မှားယွင်းသော အမြင်တို့တည်း။ ရဟန်းတို့ ဤသည်ကို မမြတ်သော လမ်းဟူသော တရားဟု ဆိုအပ်၏။ ရဟန်းတို့ မြတ်သောလမ်းဟူသော တရားဟူသည် အဘယ်နည်း။ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း။ပ။ မှန်ကန်သော အမြင်တို့တည်း။ ရဟန်းတို့ ဤသည်ကို မြတ်သော လမ်းဟူသော တရားဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။