အင်္ဂုတ္တရနိကာယ်

(၁၂) ၂-ကေသိဝဂ်

၉-ပဌမဘယသုတ်

၁၁၉။ ရဟန်းတို့ ဘေးတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— ပဋိသန္ဓေ တည်နေခြင်းကို စွဲ၍ဖြစ်သော ဘေး၊ အိုခြင်းကို စွဲ၍ ဖြစ်သော ဘေး၊ နာခြင်းကို စွဲ၍ ဖြစ်သော ဘေး၊ သေခြင်းကို စွဲ၍ဖြစ်သော ဘေးတို့တည်း။ ရဟန်းတို့ ဘေးတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

နဝမသုတ်။