အင်္ဂုတ္တရနိကာယ်

(၁၄) ၄-ပုဂ္ဂလဝဂ်

၆-ပဌမ သီလသုတ်

၁၃၆။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏။ အဘယ်လေးမျိုး တို့နည်းဟူမူ— ရဟန်းတို့ ဤလောက၌ သီလ သမာဓိ ပညာတို့၌ ဖြည့်ကျင့်လေ့ မရှိသော ပုဂ္ဂိုလ် တစ်မျိုး။ ရဟန်းတို့ ဤလောက၌ သီလကိုသာ ဖြည့်ကျင့်လေ့ရှိ၍ သမာဓိနှင့် ပညာတို့၌ ဖြည့်ကျင့်လေ့ မရှိသော ပုဂ္ဂိုလ်တစ်မျိုး။ ရဟန်းတို့ ဤလောက၌ သီလ သမာဓိတို့၌ ဖြည့်ကျင့်လေ့ရှိ၍ ပညာ၌ ဖြည့်ကျင့်လေ့မရှိသော ပုဂ္ဂိုလ်တစ်မျိုး။ ရဟန်းတို့ ဤလောက၌ သီလ သမာဓိ ပညာတို့၌ ဖြည့်ကျင့် လေ့ရှိသော ပုဂ္ဂိုလ်တစ်မျိုးတို့တည်း။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှား ရှိကုန်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။