အင်္ဂုတ္တရနိကာယ်
(၂၇) ၇-ကမ္မပထဝဂ်
၄-မုသာဝါဒီသုတ်
၂၆၇။ မိမိကိုယ်တိုင်လည်း မဟုတ်မမှန်သည်ကို ပြောဆို၏၊ သူတစ်ပါးကိုလည်း မဟုတ်မမှန် ပြောဆိုခြင်း၌ ဆောက်တည်စေ၏၊ မဟုတ်မမှန် ပြောဆိုခြင်း၌ နှစ်သက် သဘောတူ၏၊ မဟုတ်မမှန် ပြောဆိုခြင်း၏ ကျေးဇူးကို ပြောဆို၏။ ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့်။ပ။
မိမိကိုယ်တိုင်လည်း မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ သူတစ်ပါးကိုလည်း မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၌ ဆောက်တည်စေ၏၊ မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၌့နှစ်သက် သဘောတူ၏၊ မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၏ ကျေးဇူးကို ပြောဆို၏။ ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့်။ပ။
စတုတ္ထသုတ်။