အင်္ဂုတ္တရနိကာယ်
(၂၇) ၇-ကမ္မပထဝဂ်
၅-ပိသုဏဝါစာသုတ်
၂၆၈။ မိမိကိုယ်တိုင်လည်း ကုန်းစကားကို ပြောဆို၏၊ သူတစ်ပါးကိုလည်း ကုန်းစကား ပြောဆိုခြင်း၌ ဆောက်တည်စေ၏၊ ကုန်းစကား ပြောဆိုခြင်း၌ နှစ်သက်သဘောတူ၏၊ ကုန်းစကား ပြောဆိုခြင်း၏ ကျေးဇူးကို ပြောဆို၏။ ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့်။ပ။
မိမိကိုယ်တိုင်လည်း ကုန်းစကား ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ သူတစ်ပါးကိုလည်း ကုန်းစကား ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၌ ဆောက်တည်စေ၏၊ ကုန်းစကား ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၌ နှစ်သက် သဘောတူ၏၊ ကုန်းစကား ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၏ ကျေးဇူးကို ပြောဆို၏။ ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့်။ပ။
ပဉ္စမသုတ်။