အင်္ဂုတ္တရနိကာယ်
(၂၇) ၇-ကမ္မပထဝဂ်
၆-ဖရုသဝါစာသုတ်
၂၆၉။ မိမိကိုယ်တိုင်လည်း ကြမ်းတမ်းသော စကားကို ပြောဆို၏၊ သူတစ်ပါးကိုလည်း ကြမ်းတမ်းသော စကားကို ဆိုခြင်း၌ ဆောက်တည်စေ၏၊ ကြမ်းတမ်းသော စကားကို ဆိုခြင်း၌ နှစ်သက်သဘော တူ၏၊ ကြမ်းတမ်းသော စကားကို ဆိုခြင်း၏ ကျေးဇူးကို ပြောဆို၏။ ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့်။ပ။
မိမိကိုယ်တိုင်လည်း ကြမ်းတမ်းသော စကားကို ဆိုခြင်းမှ ရှောင်ကြဉ်၏၊ သူတစ်ပါးကိုလည်း ကြမ်းတမ်းသော စကားကို ဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၌ ဆောက်တည်စေ၏၊ ကြမ်းတမ်းသော စကားကို ဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၌ နှစ်သက် သဘောတူ၏၊ ကြမ်းတမ်းသော စကားကို ဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၏ ကျေးဇူးကို ပြောဆို၏။ ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့်။ပ။
ဆဋ္ဌသုတ်။