အင်္ဂုတ္တရနိကာယ်

(၉) ၄-မစလဝဂ်

၄-ကောဓဂရုသုတ်

၈၄။ ရဟန်းတို့ တရားလေးမျိုးတို့နှင့် ပြည့်စုံသော သူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ဤအတူငရဲသို့ ရောက်ရ၏၊ အဘယ်လေးမျိုးတို့နည်းဟူမူ— အမျက်ထွက်ခြင်းကို အလေးပြု၍ သူတော် ကောင်းတရားကို အလေးမပြုခြင်း၊ (ကျေးဇူး) ချေဖျက်ခြင်းကို အလေးပြု၍ သူတော်ကောင်းတရားကို အလေးမပြုခြင်း၊ လာဘ် (ရခြင်း) ကို အလေးပြု၍ သူတော်ကောင်းတရားကို အလေးမပြြု ခင်း၊ အရိုအသေ ပြုမှု ‘သက္ကာရ’ ကို အလေးပြု၍ သူတော်ကောင်းတရားကို အလေးမပြုခြင်းတို့တည်း။ ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသော သူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ဤအတူ ငရဲသို့ ရောက်ရ၏။

ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသောသူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ဤအတူ နတ်ပြည်သို့ ရောက်ရ၏၊ အဘယ်လေးမျိုးတို့နည်းဟူမူ— သူတော်ကောင်းတရားကို အလေးပြု၍ အမျက် ထွက်ခြင်းကို အလေးမပြုခြင်း၊ သူတော်ကောင်းတရားကို အလေးပြု၍ (ကျေးဇူး) ချေဖျက်ခြင်းကို အလေး မပြုခြင်း၊ သူတော်ကောင်းတရားကို အလေးပြု၍ လာဘ် (ရခြင်း) ကို အလေးမပြုခြင်း၊ သူတော်ကောင်းတရားကို အလေးပြု၍ အရိုအသေပြုမှု ‘သက္ကာရ’ကို အလေးမပြုခြင်းတို့တည်း။

ရဟန်းတို့ ဤတရား လေးမျိုးတို့နှင့် ပြည့်စုံသော သူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ဤအတူ နတ်ပြည်သို့ ရောက်ရ၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။