အင်္ဂုတ္တရနိကာယ်

၁-သေခဗလဝဂ်

၈-စဝနသုတ်

၈။ ရဟန်းတို့ တရားငါးမျိုးနှင့်ပြည့်စုံသော ရဟန်းသည် ရွေ့လျောရ၏၊ သူတော်ကောင်း တရား (သာသနာတော်)၌ မတည်နိုင်။

အဘယ်ငါးမျိုးတို့နည်းဟူမူ — ရဟန်းတို့ ယုံကြည်မှု ‘သဒ္ဓါ’ မရှိသော ရဟန်းသည် ရွေ့လျောရ၏၊ သူတော်ကောင်းတရား၌ မတည်နိ်ုင်။

ရှက်မှု ‘ဟိရီ’ မရှိသော ရဟန်းသည် ရွေ့လျောရ၏၊ သူတော်ကောင်းတရား၌ မတည်နိ်ုင်။

ကြောက်လန့်မှု ‘သြတ္တပ္ပ’ မရှိသော ရဟန်းသည် ရွေ့လျောရ၏၊ သူတော်ကောင်းတရား၌ မတည်နိ်ုင်။

ပျင်းရိသော ရဟန်းသည် ရွေ့လျောရ၏၊ သူတော်ကောင်းတရား၌ မတည်နိ်ုင်။

သိမှု ‘ပညာ’ မရှိသော ရဟန်းသည် ရွေ့လျောရ၏၊ သူတော်ကောင်းတရား၌ မတည်နိ်ုင်။

ရဟန်းတို့ ဤတရားငါးမျိုးနှင့် ပြည့်စုံသော ရဟန်းသည် ရွေ့လျောရ၏၊ သူတော်ကောင်းတရား (သာသနာတော်)၌ မတည်နိုင်။

ရဟန်းတို့ တရားငါးမျိုးနှင့် ပြည့်စုံသော ရဟန်းသည် မရွေ့လျောနိုင်၊ သူတော်ကောင်းတရား (သာသနာတော်)၌ တည်နိုင်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

ယုံကြည်မှု ‘သဒ္ဓါ’ ရှိသော ရဟန်းသည် မရွေ့လျောနိုင်၊ သူတော်ကောင်းတရား၌ တည်နိ်ုင်၏။

ရှက်မှု ‘ဟိရီ’ ရှိသော ရဟန်းသည် မရွေ့လျောနိုင်၊ သူတော်ကောင်းတရား၌ တည်နိ်ုင်၏။

ကြောက်လန့်မှု ‘သြတ္တပ္ပ’ ရှိသော ရဟန်းသည် မရွေ့လျောနိုင်၊ သူတော်ကောင်းတရား၌ တည်နိ်ုင်၏။

ထက်သန်သော ဝီရိယရှိသော ရဟန်းသည် မရွေ့လျောနိုင်၊ သူတော်ကောင်းတရား၌ တည်နိ်ုင်၏။

သိမှု ‘ပညာ’ ရှိသော ရဟန်းသည် မရွေ့လျောနိုင်၊ သူတော်ကောင်းတရား၌ တည်နိ်ုင်၏။

ရဟန်းတို့ ဤတရားငါးမျိုးနှင့် ပြည့်စုံသော ရဟန်းသည် မရွေ့လျောနိုင်၊ သူတော်ကောင်းတရား (သာသနာတော်) ၌ တည်နိ်ုင်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။