အင်္ဂုတ္တရနိကာယ်
(၇) ၂-သတိပဋ္ဌာနဝဂ်
၆-ဂတိသုတ်
၆၈။ ရဟန်းတို့ လားရာ ‘ဂတိ’တို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ—ငရဲ ဘုံ၊ တိရစ္ဆာန်ဘုံ၊ ပြိတ္တာဘုံ၊ လူဘုံ၊ နတ်ဘုံတို့တည်း။
ဤသည်တို့ကား လားရာ ‘ဂတိ’တို့တည်း။ ရဟန်းတို့ ဤလားရာ ‘ဂတိ’ ငါးမျိုးတို့ကို ပယ်ရန်။ပ။ ဤသတိပဋ္ဌာန်လေးမျိုးတို့ကို ပွါးများအပ်ကုန်၏ဟု (မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။