သံယုတ္တနိကာယ်—၁
၂—နန္ဒနဝဂ်
၅—သဏမာနသုတ်
၁၅။ “မွန်းတည့်အချိန်အခါ၌ ငှက်အပေါင်းတို့သည် အပန်းဖြေ နားနေကုန်သည် ရှိသော် တောအုပ်ကြီးသည် ပြင်းထန်သော အသံကို ပြုသကဲ့သို့ ဖြစ်၏၊ ထိုအသံသည် ကြောက်မက်ဖွယ်ဟု အကျွန်ုပ်အား ရှေးရှုထင်လာ၏”ဟု (လျှောက်၏)။
မွန်းတည့်အချိန်အခါ၌ ငှက်အပေါင်းတို့သည် အပန်းဖြေ နားနေကုန်သည်ရှိသော် တောအုပ်ကြီးသည် ပြင်းထန်သော အသံကို ပြုသကဲ့သို့ ဖြစ်၏၊ ထိုအသံသည် မွေ့လျော်ဖွယ်ဟု ငါ့အား ရှေးရှုထင်လာ၏ဟု (ဟောတော်မူ၏)။