သံယုတ္တနိကာယ်—၁
၂—နန္ဒနဝဂ်
၄—ခတ္ထိယသုတ်
၁၄။ “အခြေနှစ်ချောင်းရှိသူတို့တွင် မင်းသည် လွန်မြတ်၏၊ အခြေလေးချောင်းရှိ သတ္တဝါတို့တွင် နွားလားဥသဘသည် လွန်မြတ်၏၊ မယားတို့တွင် ပျိုမျစ်နုနယ် သော သတို့သမီးသည် လွန်မြတ်၏၊ သားတို့တွင် ရှေးဦးစွာ မွေးဖွားသော သား သည် လွန်မြတ်၏”ဟု (လျှောက်၏)။
အခြေနှစ်ချောင်းရှိသူတို့တွင် မြတ်စွာဘုရားသည် လွန်မြတ်၏၊ အခြေလေးချောင်းရှိ သတ္တဝါတို့တွင် (ဆင်စသော) အာဇာနည်သည် လွန်မြတ်၏၊ မယားတို့တွင် လင်ကို နှစ်သိမ့်စေသော မယားသည် လွန်မြတ်၏၊ သားသမီးတို့တွင် မိဘတို့၏ စကားကို နားထောင်သော သားသမီးသည် လွန်မြတ်၏ဟု (ဟောတော်မူ၏)။