သံယုတ္တနိကာယ်—၁၇
၄—စတုတ္ထဝဂ်
၁—ဘိန္ဒိသုတ်
၁၈ဝ။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏၊ ဒေဝဒတ် သည် လာဘ်ပူဇော်သကာ အကျော်အစော နှိပ်စက်အပ်သည် သိမ်းကျုံးယူငင်အပ်သော စိတ်ရှိသည် ဖြစ်၍ သံဃာကို သင်းခွဲ၏၊ ရဟန်းတို့ ဤသို့လျှင် လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏။ပ။ ကျင့်ရမည်ဟု (ဟောတော်မူ၏)။
ပဌမသုတ်။