သံယုတ္တနိကာယ်—၁၇

၁—ပဌမဝဂ်

၆—အသနိသုတ်

၁၆၂။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏။ပ။ ရခြင်း၏ အန္တရာယ်ကို ပြုတတ်၏၊ ရဟန်းတို့ အဘယ်ပုဂ္ဂိုလ်ကို မိုးကြိုးစက်သည် ကျရောက်နိုင်သနည်း၊ အရဟတ္တမဂ်သို့ မရောက်သေးသော သေက္ခပုဂ္ဂိုလ်ကို လာဘ်ပူဇော်သကာ အကျော်အစောသည် အစဉ် ကျရောက်နိုင်၏။

ရဟန်းတို့ “မိုးကြိုးစက်”ဟူသော ဤအမည်သည် လာဘ်ပူဇော်သကာ အကျော်အစော၏ အမည် တည်း၊ ရဟန်းတို့ ဤသို့လျှင် လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏။ပ။ ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ရမည်ဟု (ဟောတော်မူ၏)။

ဆဋ္ဌသုတ်။