သံယုတ္တနိကာယ်—၁၇

၁—ပဌမဝဂ်

၇—ဒိဒ္ဓသုတ်

၁၆၃။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏။ပ။ ရခြင်း၏ အန္တရာယ်ကို ပြုတတ်၏၊ ရဟန်းတို့ အဘယ်ပုဂ္ဂိုလ်ကို အဆိပ်လိမ်းကျံထားသော အဆိပ်လူးမြားဖြင့် စူးဝင်သနည်း၊ အရဟတ္တမဂ်သို့ မရောက်သေးသော သေက္ခပုဂ္ဂိုလ်ကို လာဘ်ပူဇော်သကာ အကျော်အစော သည် အစဉ်ကျရောက်နိုင်၏။

ရဟန်းတို့ “မြား”ဟူသော ဤအမည်သည် လာဘ်ပူဇော်သကာ အကျော်အစော၏ အမည်တည်း၊ ရဟန်းတို့ ဤသို့လျှင် လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏။ပ။ ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ရမည်ဟု (ဟောတော်မူ၏)။

သတ္တမသုတ်