သံယုတ္တနိကာယ်—၁၉

၁—ပဌမဝဂ်

၁ဝ—ကုမ္ဘဏ္ဍသုတ်

၂၁၁။ ငါ့သျှင် ငါသည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ ပျံသွားသော အိုး ပမာဏမျှ ဝှေးစေ့ရှိသော ယောကျာ်းပြိတ္တာကို မြင်ရ၏၊ ထိုပြိတ္တာသည် သွားသော်လည်း ထိုဝှေးစေ့တို့ကို သာလျှင် ပခုံး၌ တင်၍ သွားရလေ၏၊ ထိုင်သော်လည်း ထိုဝှေးစေ့တို့၌သာလျှင် ထိုင်ရ၏၊ ထိုပြိတ္တာကို လင်းတ , ကျီးငှက် , စွန်ရဲတို့သည် လိုက်၍ လိုက်၍ ထိုးဆိတ်ကုန်၏၊ ထိုပြိတ္တာသည် နာကျင်သော အသံကို ပြု၏။ပ။ ရဟန်းတို့ ထိုသတ္တဝါသည် ဤရာဇဂြိုဟ်ပြည်၌ပင် စဉ်းလဲကောက်ကျစ်သော တရားသူကြီး ဖြစ်ခဲ့ဖူးပြီ။ပ။

ဒသမသုတ်။

ပဌမဝဂ် ပြီး၏။