သံယုတ္တနိကာယ်—၁၉
၂—ဒုတိယဝဂ်
၁—သသီသကသုတ်
၂၁၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ပ။ ငါ့သျှင် ငါသည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် မစင်တွင်း၌ ဦးခေါင်းနှင့်တကွ နစ်မြုပ်နေသော ယောကျာ်းပြိတ္တာကို မြင်ရ၏။ပ။ ရဟန်းတို့ ထိုသတ္တဝါ သည် ဤရာဇဂြိုဟ်ပြည်၌ပင် သူတစ်ပါးမယားကို လွန်ကျူးခဲ့သူ ဖြစ်ခဲ့ဖူးပြီ။ပ။
ပဌမသုတ်။