သံယုတ္တနိကာယ်—၂၂

(၁၁) ၁—အန္တဝဂ်

၉—ဆန္ဒပ္ပဟာနသုတ်

၁၁၁။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ရုပ်၌ လိုချင်မှု စွဲမက်မှု နှစ်သက်မှု တပ်မက်မှုကို ပယ်ကုန် လော့။ ဤသို့ ပယ်သည်ရှိသော် ထိုရုပ်သည် ပယ်အပ်ပြီး အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်အပ်ပြီး နုတ်ပြီး သောထန်းပင်ရာကဲ့သို့ ပြုအပ်ပြီး နောင်တစ်ဖန် မဖြစ်အောင် ပြုအပ်ပြီး နောင်အခါ ဖြစ်ပေါ်ခြင်းသဘောမရှိပြီး ဖြစ်လတ္တံ့။ ဝေဒနာ၌ ။ပ။ သညာ၌ ။ သင်္ခါရတို့၌ ။ ဝိညာဏ်၌ လိုချင်မှု စွဲမက်မှု နှစ်သက်မှု တပ်မက်မှုကို ပယ်ကုန်လော့၊ ဤသို့ ပယ်သည်ရှိသော် ထိုဝိညာဏ်သည် ပယ်အပ်ပြီး အမြစ်ရင်းကို အကြွင်းမဲ့ဖြတ်အပ်ပြီး နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုအပ်ပြီး နောင်တစ်ဖန် မဖြစ်အောင် ပြုအပ်ပြီး နောင်အခါဖြစ်ပေါ်ခြင်းသဘော မရှိပြီး ဖြစ်လတ္တံ့ဟု (မိန့်တော်မူ၏)။

နဝမသုတ်။