သံယုတ္တနိကာယ်—၂၂
(၁၂) ၂—ဓမ္မကထိကဝဂ်
၈—သံယောဇနိယသုတ်
၁၂ဝ။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ နှောင်ဖွဲ့အပ်သော (သံယောဇနိယ) တရားတို့ကိုလည်းကောင်း၊ အနှောင်အဖွဲ့ (သံယောဇန) သံယောဇဉ်ကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။
ရဟန်းတို့ နှောင်ဖွဲ့အပ်သော (သံယောဇနိယ) တရားဟူသည် အဘယ်နည်း၊ အနှောင်အဖွဲ့ (သံယောဇန) သံယောဇဉ်ဟူသည် အဘယ်နည်း။ ရဟန်းတို့ ရုပ်သည် နှောင်ဖွဲ့အပ်သော (သံယောဇနိယ) တရားမည်၏၊ ထိုရုပ်၌ လိုချင်မှု စွဲမက်မှုသည် အနှောင်အဖွဲ့ (သံယောဇန) သံယောဇဉ် မည်၏။ ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် နှောင်ဖွဲ့အပ်သော (သံယောဇနိယ) တရား မည်၏၊ ထိုဝိညာဏ်၌ လိုချင်မှု စွဲမက်မှုသည် အနှောင်အဖွဲ့ (သံယောဇန) သံယောဇဉ် မည်၏။ ရဟန်းတို့ ဤသည်တို့ကို နှောင်ဖွဲ့အပ်သော (သံယောဇနိယ) တရားတို့ဟူ၍လည်းကောင်း၊ အနှောင်အဖွဲ့ (သံယောဇန) သံယောဇဉ်ဟူ၍လည်းကောင်း ဆိုအပ်ကုန်၏ဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။