သံယုတ္တနိကာယ်—၂၂

(၁၃) ၃—အဝိဇ္ဇာဝဂ်

၆—သမုဒယသုတ်

၁၃၁။ ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တော၌ (သီတင်းသုံး) နေတော်မူကုန်၏။ပ။ “ငါ့သျှင်သာရိပုတြာ ‘အဝိဇ္ဇာ အဝိဇ္ဇာ ‘ဟု ဆိုအပ်၏၊ အဘယ်သည် အဝိဇ္ဇာ မည်ပါသနည်း၊ အဘယ်မျှလောက်ဖြင့်လည်း အဝိဇ္ဇာသို့ ရောက်သူ ဖြစ်ပါသနည်း”ဟု ( ဤစကားကို လျှောက်၏)။

ငါ့သျှင် ဤလောက၌ အကြားအမြင် မရှိသော ပုထုဇဉ်သည် ရုပ်၏ ဖြစ်ပေါ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်မှုကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ မသိ၊ ဝေဒနာ၏။ သညာ၏။ သင်္ခါရတို့၏။ ဝိညာဏ်၏ ဖြစ်ပေါ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်မှုကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ မသိ။ ငါ့သျှင် ဤသည်ကို အဝိဇ္ဇာဟု ဆိုအပ်၏၊ ဤမျှဖြင့်လည်းအဝိဇ္ဇာသို့ ရောက်သူ ဖြစ်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။