သံယုတ္တနိကာယ်—၂၂

(၁၄) ၄—ကုက္ကုဠဝဂ်

၃—ဒုတိယ အနိစ္စသုတ်

၁၃၈။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ သင်တို့သည် မမြဲသော တရား၌ စွဲမက်မှု ‘ရာဂ’ကို ပယ်ရမည်။ ရဟန်းတို့ အဘယ်သည် မမြဲသနည်း၊ ရဟန်းတို့ ရုပ်သည် မမြဲ၊ သင်တို့သည် ထိုရုပ်၌ စွဲမက်မှု ‘ရာဂ’ကိုပယ်ရမည်။ ဝေဒနာသည် မမြဲ။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် မမြဲ၊ သင်တို့သည် ထိုဝိညာဏ်၌ စွဲမက်မှု ‘ရာဂ’ကို ပယ်ရမည်။ ရဟန်းတို့ သင်တို့သည် မမြဲသော တရား၌ စွဲမက်မှု’ရာဂ’ကိုပယ်ရမည်ဟု (မိန့်တော်မူ၏)။

တတိယသုတ်။