သံယုတ္တနိကာယ်—၂၂

(၁၄) ၄—ကုက္ကုဠဝဂ်

၄—တတိယ အနိစ္စသုတ်

၁၃၉။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ သင်တို့သည် မမြဲသော တရား၌ လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ကိုပယ်ရမည်။ ရဟန်းတို့ အဘယ်သည် မမြဲသနည်း၊ ရဟန်းတို့ ရုပ်သည် မမြဲ၊ သင်တို့သည် ထိုရုပ်၌ လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ကို ပယ်ရမည်။ ဝေဒနာသည် မမြဲ။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည်မမြဲ၊ သင်တို့သည် ထိုဝိညာဏ်၌ လိုချင်စွဲမက်မှု”ဆန္ဒရာဂ”ကို ပယ်ရမည်။ ရဟန်းတို့ သင်တို့သည် မမြဲသော တရား၌ လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ကို ပယ်ရမည်ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။