သံယုတ္တနိကာယ်—၂၇

၆—သညာသုတ်

၃၂၇။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ အဆင်းမှတ်သားမှု ‘သညာ’ ၌ လိုချင်တပ်မက်မှု ‘ဆန္ဒရာဂ’သည်စိတ်၏ ညစ်ညူးမှု မည်၏။ အသံမှတ်သားမှု ‘သညာ’ ၌ ။ အနံ့မှတ်သားမှု ‘သညာ’ ၌ ။ အရသာမှတ်သားမှု’သညာ’ ၌ ။ အတွေ့မှတ်သားမှု ‘သညာ’ ၌ ။ သဘောတရားမှတ်သားမှု ‘သညာ’ ၌ လိုချင်တပ်မက်မှု’ဆန္ဒရာဂ’သည် စိတ်၏ ညစ်ညူးမှု မည်၏။

ရဟန်းတို့ အကြင်အခါ ရဟန်းသည်။ပ။ ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုအပ်သော တရားတို့၌ ပြုရန် သင့်လျော်သည် ဖြစ်၍ ထင်၏ဟု (ဟောတော်မူ၏)။

ဆဋ္ဌသုတ်။