သံယုတ္တနိကာယ်—၂၇

၇—သေဉ္စတနာသုတ်

၃၂၈။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ အဆင်းကို စေ့ဆော်မှု ‘စေတနာ’ ၌ လိုချင်တပ်မက်မှု ‘ဆန္ဒရာဂ’သည်စိတ်၏ ညစ်ညူးမှု မည်၏။ အသံကို စေ့ဆော်မှု ‘စေတနာ’ ၌ ။ အနံ့ကို စေ့ဆော်မှု ‘စေတနာ’ ၌ ။ အရသာကို စေ့ဆော်မှု ‘စေတနာ’ ၌ ။ အတွေ့ကို စေ့ဆော်မှု ‘စေတနာ’ ၌ ။ သဘောတရားကို စေ့ဆော်မှု’စေတနာ’ ၌ လိုချင်တပ်မက်မှု ‘ဆန္ဒရာဂ’သည် စိတ်၏ ညစ်ညူးမှု မည်၏။

ရဟန်းတို့ အကြင်အခါ ရဟန်းသည်။ပ။ ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုအပ်သော တရားတို့၌ ပြုရန် သင့်လျော်သည် ဖြစ်၍ ထင်၏ဟု (ဟောတော်မူ၏)။

သတ္တမသုတ်။