သံယုတ္တနိကာယ်—၂၇

၉—ဓာတုသုတ်

၃၃ဝ။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ မြေဓာတ်၌ လိုချင်တပ်မက်မှု ‘ဆန္ဒရာဂ’သည် စိတ်၏ ညစ်ညူးမှုမည်၏။ ရေဓာတ်၌ ။ မီးဓာတ်၌ ။ လေဓာတ်၌ ။ ကောင်းကင်ဓာတ်၌ ။ ဝိညာဏ်ဓာတ်၌ လိုချင်တပ်မက်မှု’ဆန္ဒရာဂ’သည် စိတ်၏ ညစ်ညူးမှု မည်၏။

ရဟန်းတို့ အကြင်အခါ ရဟန်းသည် ဤခြောက်ဌာနတို့၌ စိတ်ညစ်ညူးမှုကို ပယ်အပ်ပြီး ဖြစ်၏၊ ထိုအခါ ထိုရဟန်း၏ စိတ်သည် ထွက်မြောက်ခြင်းသို့ ညွတ်၏၊ ထွက်မြောက်ခြင်း၌ အထုံရပြီးသော စိတ်သည် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုအပ်သော တရားတို့၌ ပြုရန် သင့်လျော်သည် ဖြစ်၍ ထင်၏ဟု (ဟောတော်မူ၏)။

နဝမသုတ်။