သံယုတ္တနိကာယ်—၂၇
၈—တဏှာသုတ်
၃၂၉။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ အဆင်းကို တပ်မက်မှု၌ လိုချင်တပ်မက်မှု ‘ဆန္ဒရာဂ’သည် စိတ်၏ညစ်ညူးမှု မည်၏။ အသံကို တပ်မက်မှု၌ ။ အနံ့ကို တပ်မက်မှု၌ ။ အရသာကို တပ်မက်မှု၌ ။ အတွေ့ကိုတပ်မက်မှု၌ ။ သဘောတရားကို တပ်မက်မှု၌ လိုချင်တပ်မက်မှု ‘ဆန္ဒရာဂ’သည် စိတ်၏ ညစ်ညူးမှု မည်၏။
ရဟန်းတို့ အကြင်အခါ ရဟန်းသည်။ပ။ ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုအပ်သော တရားတို့၌ ပြုရန် သင့်လျော်သည်ဖြစ်၍ ထင်၏ဟု (ဟောတော်မူ၏)။
အဋ္ဌမသုတ်။