သံယုတ္တနိကာယ်—၃၅
၁—အနိစ္စဝဂ်
၁၁—ဗာဟိရဒုက္ခာတီတာနာဂတသုတ်
၁၁။ ရဟန်းတို့ အတိတ် အနာဂတ်ဖြစ်ကုန်သော အဆင်းတို့သည် ဆင်းရဲကုန်၏၊ ပစ္စုပ္ပန်အဆင်း တို့၏ဆင်းရဲမှု၌ ကား အဘယ်ဆိုဖွယ်ရာ ရှိမည်နည်း။ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသောအရိယာတပည့်သည် အတိတ်ဖြစ်ကုန်သော အဆင်းတို့၌ ငဲ့ကွက်မှု ကင်း၏၊ အနာဂတ်ဖြစ်ကုန်သောအဆင်း တို့ကို မနှစ်သက်၊ ပစ္စုပ္ပန်ဖြစ်ကုန်သော အဆင်းတို့ကို ငြီးငွေ့ခြင်းငှါ စွဲမက်မှု ကင်းခြင်းငှါချုပ်ငြိမ်းခြင်းငှါ ကျင့်၏။ပ။
ဧကာဒသမသုတ်။