သံယုတ္တနိကာယ်—၃၅

၁—အနိစ္စဝဂ်

၁ဝ—ဗာဟိရာနိစ္စာတီတာနာဂတသုတ်

၁ဝ။ ရဟန်းတို့ အတိတ် အနာဂတ်ဖြစ်ကုန်သော အဆင်းတို့သည် မမြဲကုန်၊ ပစ္စုပ္ပန်အဆင်းတို့၏မမြဲမှု၌ ကား အဘယ်ဆိုဖွယ်ရာ ရှိမည်နည်း။ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် အတိတ်ဖြစ်ကုန်သော အဆင်းတို့၌ ငဲ့ကွက်မှု ကင်း၏၊ အနာဂတ်ဖြစ်ကုန်သောအဆင်းတို့ကို မနှစ်သက်၊ ပစ္စုပ္ပန်ဖြစ်ကုန်သော အဆင်းတို့ကို ငြီးငွေ့ခြင်းငှါ စွဲမက်မှု ကင်းခြင်းငှါချုပ်ငြိမ်းခြင်းငှါ ကျင့်၏။ အသံတို့သည်။ အနံ့တို့သည်။ အရသာတို့သည်။ အတွေ့အထိတို့သည်။ အတိတ် အနာဂတ်ဖြစ်ကုန်သော သဘောတရားတို့သည် မမြဲကုန်၊ ပစ္စုပ္ပန်သဘောတရားတို့၏မမြဲမှု၌ ကား အဘယ်ဆိုဖွယ်ရာ ရှိမည်နည်း။ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် အတိတ်ဖြစ်ကုန်သော သဘောတရား တို့၌ ငဲ့ကွက်မှု ကင်း၏၊ အနာဂတ်ဖြစ်ကုန်သော သဘောတရားတို့ကို မနှစ်သက်၊ ပစ္စုပ္ပန်ဖြစ်ကုန်သော သဘောတရားတို့ကိုငြီးငွေ့ခြင်းငှါ စွဲမက်မှု ကင်းခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ ကျင့်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။