သံယုတ္တနိကာယ်—၃၅

(၁၁) ၁—ယောဂက္ခေမိဝဂ်

၉—ဗာဟိရာယတနပရိဇာနနသုတ်

၁၁၂။ ရဟန်းတို့ အဆင်းတို့ကို အထူးမသိလျှင် ပိုင်းခြား၍ မသိလျှင် မခွါနိုင်လျှင် မပယ်စွန့်နိုင် လျှင့်ဆင်းရဲကုန်ခြင်းငှါ မထိုက်။ အသံတို့ကို။ အနံ့တို့ကို။ အရသာတို့ကို။ အတွေ့အထိတို့ကို။ သဘောတရားတို့ကို အထူးမသိလျှင် ပိုင်းခြား၍ မသိလျှင် မခွါနိုင်လျှင် မပယ်စွန့်နိုင်လျှင် ဆင်းရဲကုန်ခြင်းငှါမထိုက်။

ရဟန်းတို့ အဆင်းတို့ကို အထူးသိလျှင် ပိုင်းခြား၍ သိလျှင် ခွါနိုင်လျှင် ပယ်စွန့်နိုင်လျှင် ဆင်းရဲကုန်ခြင်းငှါ ထိုက်၏။ အသံတို့ကို။ အနံ့တို့ကို။ အရသာတို့ကို။ အတွေ့အထိတို့ကို။ သဘောတရားတို့ကိုအထူးသိလျှင် ပိုင်းခြား၍ သိလျှင် ခွါနိုင်လျှင် ပယ်စွန့်နိုင်လျှင် ဆင်းရဲကုန်ခြင်းငှါ ထိုက်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။