သံယုတ္တနိကာယ်—၃၅

(၁၄) ၄—ဒေဝဒဟဝဂ်

၆—ဒုတိယ န တုမှာကသုတ်

၁၃၉။ ရဟန်းတို့ အကြင်တရားသည် သင်တို့၏ ဥစ္စာ မဟုတ်၊ သင်တို့၏ ဥစ္စာ မဟုတ်သော ထိုတရားကို ပယ်ကြကုန်လော့၊ ထိုတရားကို ပယ်အပ်သည်ရှိသော် သင်တို့အား စီးပွားခြင်းငှါချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။

ရဟန်းတို့ သင်တို့၏ ဥစ္စာ မဟုတ်သော တရားဟူသည် အဘယ်နည်း။ ရဟန်းတို့ အဆင်းတို့သည်သင်တို့၏ ဥစ္စာ မဟုတ်ကုန်၊ သင်တို့၏ ဥစ္စာ မဟုတ်သော ထိုအဆင်းတို့ကို ပယ်ကြကုန်လော့၊ ထိုအဆင်းတို့ကို ပယ်အပ်ကုန်သည်ရှိသော် သင်တို့အား စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်လတ္တံ့။ အသံတို့သည်။ အနံ့တို့သည်။ အရသာတို့သည်။ အတွေ့အထိတို့သည်။ သဘောတရားတို့သည် သင်တို့၏ ဥစ္စာ မဟုတ်ကုန်၊ သင်တို့၏ ဥစ္စာမဟုတ်သော ထိုသဘောတရားတို့ကို ပယ်ကြကုန်လော့၊ ထိုသဘောတရားတို့ကို ပယ်အပ်ကုန်သည်ရှိသော် သင်တို့အား စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်လတ္တံ့။

ရဟန်းတို့ ဥပမာသော်ကား ဤဇေတဝန်ကျောင်းတိုက်၌ မြက် ထင်း။ပ။ ရဟန်းတို့ ဤအတူသဘောတရားတို့သည် သင်တို့၏ ဥစ္စာ မဟုတ်ကုန်၊ သင်တို့၏ ဥစ္စာ မဟုတ်သော ထိုသဘောတရားတို့ကို ပယ်ကြကုန်လော့၊ ထိုသဘောတရားတို့ကို ပယ်အပ်ကုန်သည်ရှိသော် သင်တို့အား စီးပွားခြင်းငှါချမ်းသာခြင်းငှါ ဖြစ်ကုန်လတ္တံ့ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။