သံယုတ္တနိကာယ်—၃၅

(၁၄) ၄—ဒေဝဒဟဝဂ်

၈—အဇ္ဈတ္တ ဒုက္ခဟေတုသုတ်

၁၄၁။ ရဟန်းတို့ မျက်စိသည် ဆင်းရဲ၏၊ မျက်စိဖြစ်ပေါ်ခြင်း၏ အကြောင်းသည်လည်းကောင်း၊ အထောက်အပံ့သည်လည်းကောင်း ဆင်းရဲ၏။ ရဟန်းတို့ ဆင်းရဲသော အကြောင်းအထောက်အပံ့ကြောင့်ဖြစ်ပေါ်လာသော မျက်စိသည် အဘယ်မှာ ချမ်းသာလိမ့်မည်နည်း။ပ။

လျှာသည် ဆင်းရဲ၏၊ လျှာဖြစ်ပေါ်ခြင်း၏ အကြောင်းသည်လည်းကောင်း၊ အထောက်အပံ့သည်လည်းကောင်း ဆင်းရဲ၏။ ရဟန်းတို့ ဆင်းရဲသော အကြောင်းအထောက်အပံ့ကြောင့် ဖြစ်ပေါ်လာသောလျှာသည် အဘယ်မှာ ချမ်းသာလိမ့်မည်နည်း။ပ။

စိတ်သည် ဆင်းရဲ၏၊ စိတ်ဖြစ်ပေါ်ခြင်း၏ အကြောင်းသည်လည်းကောင်း၊ အထောက်အပံ့သည်လည်းကောင်း ဆင်းရဲ၏။ ရဟန်းတို့ ဆင်းရဲသော အကြောင်းအထောက်အပံ့ကြောင့် ဖြစ်ပေါ်လာသောစိတ်သည် အဘယ်မှာ ချမ်းသာလိမ့်မည်နည်း။ ဤသို့ မြင်သော။ပ။ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသောပြုဖွယ်မရှိ တော့ပြီဟု သိ၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။